သဘာဝဘေးအန္တရာယ်ဖြစ်ပွားစဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ (၁၃-၉-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် ကတုံးပေါ်ကျေးရွာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဖြစ်ပွားစဉ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။