ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး၊ နေမင်းရောင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ (၁၅-၈-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ BOT စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်သော မိတ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်းနှင့် လွိုင်လင်- ပန်ကေတု- သီပေါလမ်းတို့၌ သဘာဝဘေးဒဏ်ကြောင့်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သော်လည်းကောင်း ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။