ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မယ်ဆွယ်မြောက်ရပ်ကွက်၊ အ.ထ.က (ခွဲ)လ-၂ ကျောင်း၌ (၈-၈-၂၀၂၄)ရက်၊ (၀၈၃၀)အချိန်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိ/ မြို့ဖများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၂၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်းနှင့် အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းသား/ သူများမှ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခြင်းတို့ဆောင်ရွက်ခဲ့ပြီး ပြည်နယ်အုပ်ချုပ်ရေးအစိုးရအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲ၊ ပြပွဲများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။