သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကမော့ကပို မျိုးသန့်ခြံ၌ (၂၂-၇-၂၀၂၄)ရက်၊ (၀၉၀၀) အချိန်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာ၊ သဘာဝဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်သည် ပြည်နယ်/ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးက တောင်သူများအား ယူရီးယားဓာတ် မြေဩဇာနှင့် သဘာဝဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။