မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ အ.ထ.က(ခွဲ) နှင်းပုလဲကျောင်း၌ (၂၂-၇-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ် ခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်(မြို့နယ်အုပ်ချုပ် ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ မများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရအပင်များနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။