မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ကွန်ပျုတာတက္ကသိုလ်(ပင်လုံ)အနီး လမ်းဘေး၌ (၂၈-၆-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ/ မများနှင့်ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၂၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ မျောက်ငို၊ ကျွန်းနှင့် ပျဉ်းကတိုး စုစုပေါင်း (၂၅၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။