အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မယ်ဆွယ်မြောက်ရပ်ကွက်၊ ဘုရင့်နောင် အားကစားကွင်း၊ မိုးလုံလေလုံခန်းမ၌ (၂၆-၆-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်မူးယစ်ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး (ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ သူများ၊ မြို့မိ/ ဖများ နှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ စုစုပေါင်းအင်အား (၄၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက မူးယစ်ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ မြန်မာနိုင်ငံမူးယစ် ဆေးဝါး ပပျောက်ရေးဆောင်ရွက်ချက် မှတ်တမ်းတင် ဗွီဒီယိုခွေပြသခြင်း၊ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျုတာပန်းချီပြိုင်ပွဲမှ ဆုရကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်းနှင့် မူးယစ်ဆေးဝါးတားဆီးရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သော အရပ်သား ပုဂ္ဂိုလ်များအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။