မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်းပေါင်း ဘုန်းကြီးကျောင်းဝင်းအတွင်း၌ (၂၄-၆-၂၀၂၄)ရက်၊ (၀၈၀၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ မများနှင့် ကျောင်းသား/ သူများ၊ မြို့ပေါ်နေပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ကျွန်း၊ မဲဇလီ၊ မန်ဂျန်ရှားနှင့် စိန်ပန်းပြာ စုစုပေါင်း (၁၀၀၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။