၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Bill Board စိုက်ထူပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ဈေးတန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း- ဆီလူးလမ်း-မိုင်းဖျန်လမ်းဆုံရှိ မြို့မပန်းခြံထောင့်၌ (၁၇-၆-၂၀၂၄)ရက်၊ (၀၇၃၀)အချိန်တွင် ခရိုင်သန်းခေါင်စာရင်းကော်မတီမှ ဦးစီး၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ပြည်သူလူထု ကျယ်ပြန့်စွာသိရှိနိုင်ရေး Bill Board စိုက်ထူပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်(ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီဝင်များ၊ ကျောင်းသား/ သူများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးဆောင်၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများအား သန်းခေါင်စာရင်းပိုစတာများ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။