ဆန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော် (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများနှင့်အတူ (၁၃-၆-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့မရပ်ကွက်နှင့် ရွာမရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးများ၌ ဆန်များအား ဒေသခံပြည်သူများအတွက် ပြင်ပ ပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။