“ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ (၁၂-၆-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၊ ပြည်ထောင်စု လမ်းမကြီးပေါ်၌ ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများနှင့် လုပ်သားပြည်သူများအား နိုင်ငံတော်စီမံကိန်းများအောင်မြင်စေမည့် အခြေခံကျသောလုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အများ ပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးအတွက် (မြန်မာ/ ရှမ်း) နှစ်ဘာသာဖြင့် ရေးသားထားသည့် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” လက်ကမ်းစာစောင် (၄၀၀)စောင်အား ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။