ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ် ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၁၁-၆-၂၀၂၄)ရက်၊ (၁၀၀၀) အချိန်တွင် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းနှင့် လွိုင်လင် - ပန်ကေတု - သီပေါလမ်း၌ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။