Biometric Data ရေးသွင်းခြင်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ကောင်းမှူးတုံရပ်ကွက်၊ ငွေဆင်အိမ်ယာ၌ (၁၀-၆-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Biometric Data ရေးသွင်းခြင်းဆောင်ရွက်နေမှု အခြေအနေ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။