မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဟံသာဝတီကျုံးပတ် လမ်း၌ (၃-၆-၂၀၂၄)ရက်၊ (၀၇၃၀)အချိန်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်၊ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၊ စုစုပေါင်းအင်အား (၇၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ငုဝါပင်စုစုပေါင်း (၁၀၀)ပင်အား စိုက်ပျိုး ခဲ့ကြောင်း သတင်းရရှိပါသည်။