လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ (၃၁-၅-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအစည်းအဝေးတွင် စိုက်ပျိုးရေးလုပ်ငန်းများ၌ သီးနှံအထွက်နှုန်းကောင်းမွန်စေရေး နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။