ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်အတွင်းရှိ အ.ထ.က (လင်းခေး)၊ ပတ္တမြားခန်းမဆောင်၌ (၃၀-၅-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်း (ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ စုစုပေါင်း အင်အား (၄၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) အခမဲ့ကျောင်းသုံး ပြဋ္ဌာန်းပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများပေးအပ်ခြင်း၊ မူလတန်းအဆင့် အတွက် ကျောင်းဝတ်စုံများပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။