ဝန်ထမ်းသား/ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၉-၅-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းသား/ သမီး များအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/ သမီး ကျောင်းသား/ သူများ စုစုပေါင်းအင်အား (၇၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင် အုပ်ချုပ်ရေးမှူးက ဝန်ထမ်းသား/ သမီး ကျောင်းသား/သူများအား ပညာသင်စရိတ်စုစုပေါင်း (၇၅၀,၀၀ဝိ/-) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။