ဝန်ထမ်းသား/ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၈-၅-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် ဝန်ထမ်းသား/ သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသက်နိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/ သမီးများ စုစုပေါင်းအင်အား (၆၅)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့ဝင် များက တက္ကသိုလ်အဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်နှင့် မူကြိုအဆင့် ကျောင်းသား/ သူ (၂၅)ဦးတို့အတွက် ပညာသင်စရိတ်စုစုပေါင်း (၆၃၀,၀၀ဝိ/-)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။