လမ်း/ တံတားလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါရွေးချယ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် လမ်းဦးစီးဌာန၌ (၂၈-၅-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လမ်း/ တံတား လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါရွေးချယ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး)က တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန် ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၂၀)ဦးတို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။