ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ အ.ထ.က (၁)နှင့် အ.ထ.က (၂) ကျောင်းများ၌ (၂၈-၅-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းသည် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။