မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ စေတုတ္တရာ-ငဖဲ ခရိုင်ချင်းဆက် ကားလမ်း မိုင်တိုင်အမှတ် (၄၁)မိုင် (၄)ဖာလုံ၊ မြေနီကုန်းကျေးရွာ၊ ရိုင်းချောင်းတံတားအနီး၌ (၂၈-၅-၂၀၂၄)ရက်၊ (၀၈၃၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင် (မြို့နယ် အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အရိပ်ရအပင်များနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။