လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသောအိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ဥယျာဉ်ရပ်ကွက်ရှိ ကမ္ဘောဇခန်းမ၌ (၁၆-၅-၂၀၂၄)ရက်၊ (၁၀၃၀)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် စာရေးများ၊ လေဘေးသင့်အိမ်ထောင်စုဝင်များ စုစုပေါင်းအင်အား (၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လေဘေးသင့်အိမ်ထောင်စု (၄၈)စုနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် စုစုပေါင်းထောက်ပံ့ငွေ (၂,၆၇၃,၆၀ဝိ/-)အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။