ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ နန္ဒဝန်ရပ်ကွက်၊ အ.ထ.က(၁)ကျောင်း၊ ပတ္တမြားခန်းမ၌ (၁၅-၅-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကင်းထောက် လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ ကင်းထောက်သင်တန်းနည်းပြဆရာ/ ဆရာမများနှင့် သင်တန်းသား/ သူများ၊ စုစုပေါင်း အင်အား (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူးက အမှာစကားပြောကြားခြင်း၊ ကင်းထောက် လူငယ်သင်တန်းသား/ သူများအား ကင်းထောက်လည်စီးနှင့် ကင်းထောက်လက်စွဲစာအုပ်များ ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ပြီး သင်တန်းအား(၁၃-၅-၂၀၂၄)ရက်မှ (၁၆-၅-၂၀၂၄)ရက်အထိ (၄)ရက်အကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။