ဝန်ထမ်းများအား စားသုံးဆီများထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ (၁၃-၅-၂၀၂၄)ရက်၊ (၀၉၃၀)အချိန်တွင် ဝန်ထမ်းများအား စားသုံးဆီများထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ စုစုပေါင်းအင်အား (၂၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား (၁)ဦးလျှင် ဆီ (၁)ပိဿာနှုန်းဖြင့် စုစုပေါင်း (၂၅၀)ပိဿာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။