မြို့အတွင်းရှိ စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၉-၅-၂၀၂၄)ရက်၊ (၁၀၃၀)အချိန်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အတွင်းရှိ စက်သုံးဆီဆိုင်များသို့ မီးဘေးလုံခြုံရေးနှင့် ဈေးနှုန်းမှန်ကန်မှု ရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။