မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ (၉-၅-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၊ စုစုပေါင်းအင်အား (၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးမှုနှင့်ပတ်သက်၍ စာချုပ်ပါအချက်အလက်များအား ဖတ်ကြားတင်ပြခြင်းနှင့် ဒေသခံတောင်သူများနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ဆောင်ရွက်ခဲ့ပြီး ချေးငွေကျပ် (၁၀၀)သန်းအား အဖွဲ့၏ စာရင်းရှင်း(Current Account) သို့ ချက်လက်မှတ်ဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။