ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်အစည်းအဝေးခန်းမ၌ (၃၀-၄-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား သို့ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်း (မြို့နယ် အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း အင်အား (၉၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ သက်ဆိုင်ရာဌာနများကို ဒေသန္တရ စီမံကိန်း တာဝန်များပေးအပ်ခြင်းနှင့် ဒေသန္တရစီမံကိန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း တို့ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။