ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ (၂၉-၄-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လကုန်အထိ)၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးအောင် (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခြင်း၊ သက်ဆိုင်ရာဌာနများသို့ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များပေးအပ်ခြင်းနှင့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။