“ပြည်သူ့စစ်မှုထမ်းဥပဒေချပြရှင်းလင်းခြင်း” အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ “ဓနု”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရွာငံမြို့၊ ဗထူးခန်းမ၌ (၃-၄-၂၀၂၄)ရက်၊ (၁၀၀၀) အချိန်တွင် “ပြည်သူ့စစ်မှုထမ်းဥပဒေချပြရှင်းလင်းခြင်း” အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး(မြို့နယ် အုပ်ချုပ်ရေးမှူး)(မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား(၁၄၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနား တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိသင့် သိထိုက်သည့် အချက်များကို သိရှိစေရန်နှင့် မလိုလားအပ်သောနားလည်မှုလွဲမှားခြင်းများ မဖြစ်ပေါ်စေရန်တို့အတွက် ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်း ခြင်းအပေါ် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။