ထရန်စဖော်မာတပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် မြေနေရာအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပုံးထွန်ကျေးရွာ၊ ဈေးတန်းရပ်ကွက်၌ (၂၇-၃-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင် (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ (GRF) (၈၂.၁)သန်း ဖြင့်ဆောင်ရွက်မည့် ဂါလံ(၆၀၀၀၀)ဆံ့ ရေစုကန်မှ ဝန်ထမ်းအိမ်ရာသို့ ရေတင်ပို့ နိုင်ရေးအတွက် 50 KVA ထရန်စဖော်မာတပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းအတွက် မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။