လင်းခေးမြို့၌ မဟာမြတ်မုနိဘုရားကြီးအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်း (ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ နှင့်အတူ (၂၄-၃-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်၊ မဟာမြတ်မုနိ ဘုရားကျောင်းဝန်းအတွင်း၌ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ မဟာမြတ်မုနိဘုရားကြီးအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရောင်တော်ဖွင့်ပူဇော်ခြင်းနှင့် ပန်းဆီမီးကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။