၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ပူးပေါင်းအထူးစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ အောက်ပါ ရွှေဆိုင်များသည် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်း အပါ အဝင် ရွှေရောင်းဝယ်သူများလိုက်နာရမည့် “အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်” ကို လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရပါသည် -
(က) ရန်ကုန်တိုင်းဒေသကြီး
(၁) မောင်ကိန်းရွှေဆိုင်
(၂) နယူးတိုင်စင်ရွှေဆိုင်
(၃) ခရမ်းသုံးခွရွှေဆိုင်
(ခ) မန္တလေးတိုင်းဒေသကြီး
(၁) ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း
(၂) ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း
(၃) မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်း
(၄) မြန်မာရွှေရွှေဆိုင်လုပ်ငန်း
၂။ သို့ဖြစ်ပါ၍ ယင်းရွှေဆိုင်များကို (၂-၄-၂၀၂၄) ရက်နေ့မှစ၍ အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေး အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် သတိပေးမှတ်တမ်းတင် လက်မှတ်ရေးထိုးစေခြင်း အပါအဝင် လိုအပ်သည့် အရေးယူမှုများကို သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ထားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။