နောင်ဘိုစစ်ဆေးရေးဂိတ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့အဝင် နောင်ဘိုစစ်ဆေးရေးဂိတ်၌ (၅-၃-၂၀၂၄) ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ဒေသခံပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေရာ၌ ဒေသခံပြည်သူများအနေဖြင့် ပြည်ဖျက်မီဒီယာ များ၏ မဟုတ်မမှန် သတင်းများအား ယုံကြည်မှုမရှိစေရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကိုထမ်းဆောင်နိုင်ရေးတို့ကို ပြောကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင် (၃၀၀)စောင်အား ဒေသခံပြည်သူများ လက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။