တနင်္သာရီတိုင်းဒေသကြီး မြို့တော်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ (၅-၃-၂၀၂၄) ရက်၊ (၁၀၀၀)အချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကျင်းပပြုလုပ် ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား(၁၉၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အမျိုးသားရေးတာဝန်များ၊ ပြည်သူများအနေဖြင့် စစ်မှုထမ်းဥပဒေ နှင့်ပတ်သက်၍ စိုးရိမ်ရန်မလိုအပ်သည့်အကြောင်းများ၊ ပြည်သူ့စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလအပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်း နိုင်သည့် ဆက်သွယ်ရန်ဖုန်းများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ ပြည်သူ့စစ်မှုထမ်း တို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရမည့်အကြောင်းအရာများနှင့် ပတ်သက်၍ နားလည်သဘောပေါက်စေရေး၊ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးတို့အတွက် ပါဝါပွိုင့်များဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဟောပြောပေးခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး “သတင်းစကား’’ လက်ကမ်းစာစောင်များကိုလည်း ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။