မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အသက်(၁၈)နှစ်ပြည့်မည့် လူဦးရေစာရင်းအတည်ပြုရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ (၄-၃-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အသုံးပြုနိုင်ရေးအတွက် အသက်(၁၈)နှစ်ပြည့်မည့် လူဦးရေစာရင်း အတည်ပြုရေး ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး (မြို့နယ်အုပ်ချုပ်ရေးမှူး)နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ စုစုပေါင်းအင်အား (၄၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ လူဦးရေစာရင်းပြုစုရာတွင် လိုအပ်သည့် အချက်အလက်များနှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။