မိုင်းဖြတ်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွားများနှင့် အသက်(၂)အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၉-၂-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ် နှင့်အထက် ဘိုး/ဘွားများနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင် ဘိုး/ဘွား (၁) ဦးလျှင် (၁)လ (၁၀,၀၀ဝိ/-)၊ (၃)လအတွက် (၃၀၀၀ဝိ/-)နှုန်းဖြင့် ဘိုး/ဘွား(၈၄)ဦးအတွက် (၂,၅၂၀,၀၀ဝိ/-)နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။