ဦးစီးဌာန Website တွင် လွှင့်တင်မည့်ကောက်နုတ်ချက်သတင်းများ (၂၈-၂-၂၀၂၄) စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအခြေအနေအား ကြည့်ရှု စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့၌ (၂၇-၂-၂၀၂၄)ရက် (၀၉၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ရပ်ကွက်နေ ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၆၀၀ဝိ/-)နှုန်းဖြင့် အိမ်ထောင်စု(၁)စုလျှင် စားအုန်းဆီ(၅၀)ကျပ်သားနှုန်း ရောင်းချပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ ရောင်းချမှုတွင် အိမ်ထောင်စု စုစုပေါင်း (၂၀၀)စု တို့အား စားအုန်းဆီ စုစုပေါင်း ပိဿာ(၁၀၀)အား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။