မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (အလွတ်တန်း) ကလပ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ဟော်ကန်ရပ်ကွက်မြို့မအားကစားကွင်း၌ (၂၆-၂-၂၀၂၄)ရက်၊ (၁၅၀၀) အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(အလွတ်တန်း) ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမန်ကိုဟော (ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အားကစားအသင်းများနှင့် ပြည်သူများ စုစုပေါင်းအင်အား(၃၀၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ဒိုင်လူကြီးများဆပ်ကော်မတီအား ခရိုင် ပညာရေးမှူးမှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်း၊ နေရာအလိုက်နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဆုရကစားသမားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်မှ ဆုချီးမြှင့်ခြင်း၊ ဘောလုံးပြိုင်ပွဲ တွင် တတိယဆုရရှိသည့် ဟော်ကန် FC အသင်းအား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးမှ ဆွဲပြားနှင့် ငွေသားဆုငွေကျပ်(၂၀၀,၀၀ဝိ/-)အား ပေးအပ်ချီးမြှင့်ခြင်းနှင့် ပထမဆုရရှိသည့် စိုးကြီး(FC) အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဆွဲပြား၊ ငွေသားဆုငွေကျပ်(၅၀၀,၀၀ဝိ/-)နှင့် ဆုဖလားအား ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။