စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုးဖြတ်မြို့နယ်၊ နမ့်လောက်ကျေးရွာအုပ်စု၊ ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင် ဓါတ်စွမ်တောက်စေတီတော်၌ (၂၄-၂-၂၀၂၄)ရက်၊ (၀၇၃၀) အချိန်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေတို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။