အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေအား (၂၂-၂-၂၀၂၄)ရက်၊ (၀၈၃၀)အချိန်တွင် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး(ကိုယ်စား) လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ကျော်သန်းသည် ပြည်နယ်ဒုတိယ/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။