ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်တွင် (၂၂-၂-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်၌ ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများနှင့် ဒေသခံတိုင်းရင်းသားလူငယ်များ စုစုပေါင်းအင်အား (၅၀၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပင်လုံတက္ကသိုလ် မျိုးဆက်သစ်ဆရာ/ မများမှ အကဖြင့် သရုပ်ဖော်တင်ဆက်ခြင်း၊ ဖိတ်ကြားထားသော အကြီးအကဲများနှင့် မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။