ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်

ရှမ်းပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(လားရှိုး)ရုံး၊ အစည်းအဝေးခန်းမ၌ (၂၁-၂-၂၀၂၄)ရက်၊ (၁၁၀၀)အချိန်တွင် ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း (ခရိုင်အုပ်ချုပ်ရေးမှူး)၊ ပြည်နယ်ဒုတိယ/ ခရိုင်/ မြို့နယ်ရုံးတို့မှ တာဝန်ရှိသူများ၊ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်းအင်အား (၂၀၀)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ယာယီနေရပ်စွန့်ခွာ လာသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင် အိမ်ထောင်စု (၅၀)စု၊ လူဦးရေ (၁၈၇)ဦးတို့အတွက် (၁)ဦးလျှင် ဆန်ရိက္ခာငွေ (၉)ထောင်ကျပ်၊ လုံချည် (ကျား/ မ)၊ စောင်၊ တဘက်၊ ဆပ်ပြာနှင့် တီရှပ်(၂) ထည်စီတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။