မြို့မဈေး မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ သရုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မဈေး၌ (၂၀-၂-၂၀၂၄) ရက်၊ (၁၀၀၀)အချိန်တွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ရာ သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိနှင့် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ ဈေးသူ/ ဈေးသားများ စုစုပေါင်းအင်အား (၅၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသရုပ်ပြပွဲတွင် မီးသတ်တပ်ဖွဲ့ဝင်များမှ ဈေးသူ/ ဈေးသားများအား မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့ သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။