မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်ဖြတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးဌာနမှတာဝန်ရှိသူများနှင့်အတူ (၁၄-၂-၂၀၂၄)ရက်၊ (၁၀၀၀) အချိန်တွင် ပြည်နယ်ရန်ပုံငွေ (၉၆.၈၂၆)သန်းဖြင့် တော်ဝင်မိုင်းဖြတ်နဂါးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် နမ့်ပန်ကျေးရွာအုပ်စု၊ မိုင်းဝီးစေတီ၊ နမ့်ဖက်ကျေးရွာချင်းဆက်လမ်း (၁/၆မိုင်x၃၁') မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင် သတင်းရရှိပါသည်။