ယာယီနေရပ်စွန့်ခွာ ဌာနဝန်ထမ်းနှင့် မိသားစုဝင်များအား ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ (၁၅-၁-၂၀၂၄) ရက်၊ (၁၁၃၀)အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးက ပေးပို့ထောက်ပံ့ လာသော အဝတ်အထည်အမျိုးမျိုးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ယာယီနေရပ်စွန့်ခွာ ဌာနဝန်ထမ်းနှင့် မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယရဲမှူးကြီးနှင့် အကျဉ်းဦးစီးဌာနမှ တာဝန်ခံအရာရှိများ၊ ယာယီနေရပ်စွန့်ခွာ ဌာနဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်းအင်အား (၁၅၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဒုတိယရဲမှူးကြီးနှင့် အကျဉ်းဦးစီးဌာနမှ တာဝန်ခံအရာရှိတို့က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် မိသားစု ဝင်များအား ဆန်၊ ဆီ၊ ကြက်ဥ၊ ယမ်ယမ်ခေါက်ဆွဲနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။