ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်မီးသတ်စခန်း၌ (၁၅-၁-၂၀၂၄)ရက်၊ (၀၉၃၀) အချိန်တွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)က တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်စခန်းမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။