စာသင်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း (၅၀)ရာခိုင်နှုန်းပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ နည်းပညာတက္ကသိုလ် (ပင်လုံ)၌ (၁၂-၁-၂၀၂၄)ရက်၊ (၁၀၃၀) အချိန်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် (၂၀၄.၈၉၇)သန်းဖြင့် ခမ်းရွှေဝါထွန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် (၃)ထပ်စာသင်ဆောင် (၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်း (ရေ/ မီးအပါအဝင်) (၅၀)ရာခိုင်နှုန်းပြီးစီးမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင် အုပ်ချုပ်ရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။