ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၈-၁-၂၀၂၄)ရက်၊ (၁၄၀၀)အချိန်တွင် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)နှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦး(ခရိုင်အုပ်ချုပ်ရေးမှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား (၆၄)ဦး တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဝန်ထမ်း (၁)ဦးလျှင် (၁၅,၀၀ဝိ/-)တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်၊ ပဲနှင့် ဆားများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။