စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၁၂၄)ဦးဖြင့် ဝမ်လုံးကျေးရွာအုပ်စု၊ နားလီးကျေးရွာရှိ ခတ္တိယ(တပ်ဦး)ဘုန်းတော်ကြီးကျောင်း၌ (၆-၁-၂၀၂၄)ရက်၊ (၀၇၃၀)အချိန်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။