(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်မြို့၊ ပြည်သူ့ပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ (၄-၁-၂၀၂၄)ရက်၊ (၀၇၀၀)အချိန်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/ သူများနှင့် လုပ်သားပြည်သူများ စုစုပေါင်းအင်အား (၂၅၀)ဦး တက်ရောက်ခဲ့ကြ ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် (အထက်တန်း/ အလယ်တန်း/ မူလတန်း) အဆင့် စာစီစာကုံး/ ကဗျာ/ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲမှ ဆုရရှိသောကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။